Powerful

ကားတစ်စီး၏ အဓိကကျသောအစိတ်အပိုင်းဟု ဆိုနိုင်သည့် အင်ဂျင်ပိုင်းအရကြည့်လျှင် Bestune T77 Pro သည် ကားမောင်းနှင်သူကို စိတ်ကျေနပ်မှု ပေးစွမ်းနိုင်မည်ဖြစ်သည်။ 5500 RPM တွင် Maximum Power 169 Horsepower ထွက်ပြီး၊ 1500-4350 RPM တွင် Maximum torque 258 Newtom Meter အထိ ရရှိပါမည်။ လည်ပတ်နှုန်းမြင့်မားပြီး တုန့်ပြန်မှု မြန်ဆန်ကာ တိကျမှုနှုန်းမြင့်မားသောကြောင့် အင်ဂျင်၏စွမ်းဆောင်ရည်ကို ပိုမိုမြင့်မားကောင်းမွန်စေပါသည်။ ထို့အပြင် Cylinder Head Split Cooling System ၏ အကောင်းဆုံးလုပ်ဆောင်နိုင်မှုကြောင့် ဆီစားနှုန်းသက်သာစေပါသည်။